သန်လျင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

သန်လျင် ဒီဇင်ဘာ ၂၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဗိုလ်ချုပ်နေဝင်းလမ်း၊ သိမ်ကျောင်းလမ်း၊ လမ်းမတော်လမ်းနှင့် မြို့မဈေးကြီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနစိတ်မှ တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ သန်လျင်မြို့နယ်အတွင်း လူစည်းကားရာ မြို့မဈေးအရှေ့ ဗိုလ်ချုပ်နေဝင်းလမ်း၊ သိမ်ကျောင်းလမ်း၊ လမ်းမတော်လမ်းနှင့် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျန်းမာရေးအသိပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကာ နှာခေါင်းစည်းမပါသူများအား နှာခေါင်းစည်း Mask များ အခမဲ့ပေးပြီး ချက်ခြင်းတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လူသေ ဆုံးမှုများလည်း ဖြစ်ပွားနေသဖြင့် ရောဂါကူးစက်ပျံ့နှံ့မှု လျော့နည်းစေရေးအတွက် ပြည်သူ များအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေးနှင့် မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သန်လျင် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ကာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု အထောက်အကူပြုကော်မတီများ၊ မြို့မိမြို့ဖ များ၊ အလှူရှင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)