ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၌ ပြည်သူများအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေး လျှပ်စစ်ဓာတ်ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်များ ခုတ်ထွင်ရှင်းလင်ခြင်းများဆောင်ရွက်

ဒဂုံ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ယောမင်းကြီရပ်ကွက်အတွင်းရှိ ပြည်သူများ သွားလာလျက် ရှိသော လမ်းတစ်လျှောက် မြို့နေပြည်သူများ သဘာဝဘေးအန္တရာယ်များ မဖြစ်ပေါ်စေရန် အတွက်ဓာတ်လိုင်း ကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်များကို ယနေ့ နံနက်ပိုင်းအချိန်က ခုတ်ထွင်ရှင်းလင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မျိုးနှင့် လျှပ်စစ်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ မြို့နယ်တာဝန်ခံ (ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန) မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ယောမင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ မြို့တော်သန့်ရှင်း လှပရေးနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)