ခရမ်း ဒီဇင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့တွင် နိုင်ငံတစ်ဝန်းမှုခင်း စီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက် ရှင်းလင်းခြင်းကို ယနေ့နံနက် ၉:၃၀ အချိန်က ခရမ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဗြဟ္မစိုရ်ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပ ခဲ့သည်။
အခမ်းအနားသို့ ခရမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ခရမ်းမြို့နယ် ဥပဒေအရာရှိ၊ ခရမ်းမြို့နယ် ဥပဒေ အထောက်အကူပြုအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့် တရားလွှတ်တော် ရှေ့နေများ တက်ရောက်ခဲ့ကြသည်။
၂၀၂၁ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ စတင်၍ ခရမ်းမြို့နယ် တရားရုံးတွင် အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်အား မြို့နယ်တရားသူကြီး ဦးသန်းနိုင်ဦးမှ မိတ်ဆက်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများ၏ သိလိုမှုများကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုမင်း (ခရမ်း)