ခရမ်း ဒီဇင်ဘာ ၂၈
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ မကျီးကန်အုပ်စုကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးလှတိုး၊ ခရမ်းမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးစိုးနိုင်ဦး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးစည်သူ၊ လမ်းဦးစီးဌာန ASE ဦးအေးမျိုးထွန်းနှင့် ဌာနတာဝန်ရှိသူများက မကျီးကန် ကျေးရွာ အုပ်စု၊ တော်ပြာကန်၊ ခြောက်တဲစု၊ ကျုံမရန်း တဲစုများသို့ လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်ပြီးစီးနေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ မီးလင်းရေးအတွက် ထပ်မံ ဖြည့်ဆည်းဆောင်ရွက်ရမည့် အခြေအနေအား တွေ့ဆုံဆွေးနွေးပြီး လိုအပ်ချက်များကို ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျေးရွာမီးလင်းရေးကော်မတီဝင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းလိုအပ်ချက်များအား လမ်းညွှန်မှာကြားပေး ခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)