နတ်မောက်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေး

နတ်မောက်  ဒီဇင်ဘာ  ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား    ယမန်နေ့ နံနက်(၁၀) နာရီအချိန်ခန့်က   ကွင်းဆင်းစစ်ဆေး   ဆောင်ရွက်ခဲ့ကြောင်းသိရသည်။  

ထိုသို့ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ  ညွှန်ကြားရေးမှူးဦးသောင်းထိုက်၊ မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးထိန်းလင်း တို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်ဆောင်ရွက်မည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်း များနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီများနှင့်တွေဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြား ခဲ့ကြောင်းသိရသည်။

လှဝင်း