ကလေး ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တို့တွင် ဆေးကုသမှု ခံယူနေကြသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၆) ဦးတို့သည် ဆေးရုံ ဆင်းသတ် မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။
အဆိုပါ ဆင်းရုံဆင်းခွင့်ရရှိကြသူများမှာ ကလေးမြို့ညောင်ပင်သာရပ်ကွက်နယ်မြေ(၅)နေ အမျိုး သားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး၊ ချမ်းမြေ့အောင်စည် ရပ်ကွက်နယ်မြေ(၁၂)နေ အမျိုးသားတစ်ဦး၊ အောင်မြေမာန် ရပ်ကွက်နယ်မြေ(၈)နေ အမျိုးသမီးတစ်ဦး၊ သဇင်ရပ်ကွက်နယ်မြေ(၄)နေအမျိုးသမီး တစ်ဦး၊ အောင်သစ္စာရပ် ကွက်နယ်မြေ(၈)နေ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ အောင်ဇေယျရပ် ကွက်နယ်မြေ (၄)နေအမျိုးသမီးသုံးဦး၊ ပင်လုံရပ်ကွက်နယ်မြေ(၆)နေအမျိုးသားနှစ်ဦးနှင့်အမျိုးသမီး နှစ်ဦး တို့ဖြစ်ကြပြီးကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ဆေးရုံဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပြီး ဆေးရုံဆင်းပြီး နောက်လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ တိကျလိုက်နာ စေရန်မှာကြားခဲ့ကြ သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကိုဗစ်-၁၉ကူးစက်ခံရသည့် အတည်ပြုလူနာ (၃၃)ဦး ကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌား အိမ်ယာအိတ်စွပ် အထူးကြတ်မတ် ကုသဆောင်တွင် ဆေးကုသမှုခံယူ စေလျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)