ရွှေတောင် ဒီဇင်ဘာ ၂၈
ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး (၄) ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေး အန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့် ခန်းများအား အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိသည်။
လေ့ကျင့်မှုများ ဆောင်ရွက်ရာ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန၌ မြို့နယ်မီးသတ် ဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်း လမ်းညွှန်မှုဖြင့် မီးသတ်ဝန်ထမ်းများသည် အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေရေး လက်နက်မဲ့စစ်ရေးပြလေ့ကျင့်ခန်းများ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။ မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးအတွက် မီးငြှိမ်းသတ်နည်းနေရာနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းနေရာများ၊ သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တွင် မိမိ၏တပ်ဖွဲ့ဝင်များ အစဉ်အမြဲ စွမ်းရည်ပြည့်ဝနေစေရန် အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)