ပန်းတောင်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှပ်ပင်မြို့ လူငယ်ကွန်ယက်မှ ကြီးမှူးကျင်းပသော စည်ပင်သာယာကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက စိုးမိုးရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် စည်ပင်သာယာကော်မတီဝင်များ ရွေးချယ်ခြင်းဆိုင်ရာ နည်းဥပဒေကို တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး(၂) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပပဟန်နှင့် လူငယ်တာဝန်ခံ ကိုပိုင်လေးတို့မှ ရှင်းလင်း ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မိုးထိုက်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပပဟန်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ဒေသခံ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)