လဟယ် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် နာဂဒေသ (လေရှီး၊လဟယ်၊ နန်းယွန်း) အတွင်း မြို့နယ်များတွင် ဆောင်ရွက်မည့် အိတ်ဖွင့်တင်ဒါ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက နာဂဦးစီးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နာဂဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး နာဂဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ(ညွှန်မှူး)မှ ဆောင်ရွက်ရန်တွင် စေတနာထား ဆောင်ရွက်ပေးကြရန် နှင့် လုပ်ငန်း အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
ထို့နောက် နာဂဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးကာစီရန်း(လူမှုတာ၀န်ခံ)မှ တင်ဒါဖွင့်ပွဲနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ တင်ဒါ စည်းကမ်းနှင့့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားပြီး နာဂဒေသ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦး၀င်းနိုင်မှ တင်ဒါ စည်းမျဉ်း စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နာဂဒေသအတွင်း၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုး ရေး လုပ်ငန်းတွင် ကျေးလက်ကုန်ထုတ်လုပ်ငန်း၊ သောက်သုံးရေရရှိရေး လုပ်ငန်းများ၊ ကွန်ကရစ် လမ်းခင်းခြင်းစသည့် လုပ်ငန်းအတွက်ခွင့်ပြုငွေ စုစုပေါင်း (၆၃၈ဒသမ၅၁၂)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှားဆက်(လဟယ်ပြန်/ဆက်)