အရာတော် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ နံနက်ပိုင်းက သီးနှံစိုက်ခင်းများအတွင်း လယ်ယာစွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး EM သဘာဝမြေသြ ဇာ အဖြစ် ပြုလုပ် သုံးစွဲနည်းများကို လက်တွေ့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ချင်ပင်ကျေးရွာအုပ်စု တောင်သူ ဦးပြည့်ဖြိုးဟိန်း၏ စိုက်ခင်းများ အတွင်း မြေဆီလွှာအာဟာရဓာတ်များ တိုးတက်လာစေရန် လယ်ယာစွန့်ပစ်ပစ္စည်းများကို အကျိုးရှိစွာ အသုံးချပြီး EM သဘာဝ မြေသြဇာအဖြစ် ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြပြီး တောင်သူများအား ကုန်ကျစရိတ်သက်သာသည့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲနည်းနှင့် သဘာ ဝပိုးနှင်ဆေးများ ပြုလုပ်သုံးစွဲရန် ပညာပေးဆွေးနွေးခဲ့ကြပြီး တောင်သူများကိုယ်တိုင် ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်အသုံးပြုနိုင်ရေးအတွက် တာဝန်ကျ ကွင်းဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်တင်တင်စိန်၏ ပြောကြားချက်အရ သိရသည်။
နွယ်နီမြင့်