ပန်ဆောင်မြို့အတွင်း စျေးဆိုင်များ၊ ကုန်စုံဆိုင်များမှ စားသုံးရန်မသင့်သည့် သက်တမ်းလွန်အစားအသောက်များ၊ ဆေးဝါးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ပန်ဆောင် ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့အတွင်း ယနေ့နံနက် ၁၀ နာရီအချိန်တွင် စျေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဦး၊ ကျန်းမာရေးဦးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ဝင် ဝန်ထမ်းများက ပန်ဆောင်မြို့ပေါ်ရှိ စျေးဆိုင်များနှင့် ကုန်စုံဆိုင်များ၌ စားသုံးရန်အသင့်သည့် သက်တမ်းလွန် အစားအသောက်များ၊ ဆေးဝါးများကို စျေးကွက်အတွင်းသို့ ရောင်းခြင်းရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဂျာယော်(ပြန်/ဆက်)