ကရင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကိုOnline Virtual Meeting ဖြင့် ကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက Online Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ကရင်ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ကလေး သူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး  ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက  ပြည်နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အားသာချက်၊ အားနည်းချက်များ၊ ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ UNICEF မှ ကရင်ပြည်နယ်တာဝန်ခံဦးတင်လေးနိုင်နှင့် ကရင်ပြည်နယ်ရုံးမှ ဒေါ်သီတာစိမ့် တို့က  ကရင်ပြည်နယ် အတွင်း ကလေးသူငည်အခွင့်အရေးများအတွက် ဆောင်ရွက် ပေးနေမှု၊ ဥပဒေများရေးဆွဲရာတွင်  ပါဝင် ဆောင်ရွက်ပေး နေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီး တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက် ချက်များအပေါ် အကြံပြု ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်၊ ခရိုင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ပြည်နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း