ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသ​ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန်နှင့်  ရောဂါကူးစက်ခံရသူများအား အသက်ကယ်တင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများအား ယမန့်နေ့ နေ့လယ်(၃)နာရီက အမှတ်(၁၃) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးသို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင်  ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၃ရပ်ကွက် မြေတိုင်း(၄)လမ်းနေ ဦးအေးကျော်+ဒေါ်အေးမိမိမျိုး သားသမီး မြေးတစ်စုတို့က အမှတ်(၁၃)ရပ်ကွက် အခြေစိုက် ပရဟိတ ကျန်းမာရေး ကုသိုလ်ပြုမှုများတွင် အသုံးပြု ကုသိုလ်ယူနိုင်ရန် အောက်စီဂျင်ဗူး (၃)ဗူးနှင့် ဆက်စပ်ပစ္စည်းများအား လာရောက်လှူဒါန်းပေးခဲ့ရာ အမှတ်(၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင်မှ လက်ခံရယူခဲ့ပြီး အဆိုပါ ပစ္စည်းများအား ကိုဗစ်-၁၉ရောဂါ ကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေသော ပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပြန်လည်ခွဲဝေ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)