မှော်ဘီမြို့နယ် ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး

မင်္ဂလာဒုံ ဒီဇင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်အညီ  ရောင်းချခြင်းရှိ/မရှိ စစ်‌ဆေးခြင်း ဈေးဝယ်သူများ နှာခေါင်းစည်းများ စနစ်တကျတပ်ရန် နှိုးဆော်ခြင်း၊ ဈေးလမ်းမများကို ထုံးဖြူးခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း တို့ကို ယမန်နေ့က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မှော်ဘီမြို့နယ် မြောင်းတကာဈေး၊ ဝါးနက်ချောင်းဈေး၊ မြို့မဈေးတို့တွင် မြို့နယ်စည်ပင် ကော်မတီဝင်နှင့် ဌာနဆိုင်ရာများ၊ စည်ပင်ဝန်ထမ်းများက ဈေးများအပြင်တွင် ရောင်းချနေသော ပျံကျ ဈေးသည်များကို ခေါ်ယူဆွေးနွေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျ တပ်ရန် နှိုးဆော်ခြင်း၊ ဈေးပိတ်ချိန် ညနေ(၆)နာရီတွင် ဈေးအတွင်းလမ်းမများနှင့် ဈေးအပြင်လမ်းမတို့ကို ထုံးဖြူးခြင်း၊ အမှိုက်များကို မော်တော် ယာဉ်ဖြင့် သယ်ယူ၍ စနစ်တကျ စွန့်ပစ်ခဲ့ကြကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)