ထီးချိုင့် ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးရုံး၌ လက်တွေ့လေ့ကျင့် ခဲ့ကြပါသည်။
ထိုသို့ ဇာတ်တိုက် လေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆောက်အဦတွင်း ပိတ်မိနေသောလူများအား ရှာဖွေကယ်ဆယ်ခြင်း၊ အဆိုပါလူများအား ရှေးဦးသူနာပြုစုခြင်း၊ အသက်ရှူ ကိရိယာဝတ်ဆင်နည်းဖြင့် ဇာတ်တိုက် လေ့ကျင့်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ပြည်သူများဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးနိုင်ရန် မီးဘေးလုံခြုံရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြိုးညွှန့်မောင်က ပြောကြားခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း (ထီးချိုင့်)