လေရှီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်စေရေး Mask Campaign ပြုလုပ်ဆောင်ရွက်

လေရှီး ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ချုပ်ရ​ဒေသ လေရှိးမြို့နယ်တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံ နက် ၁၀ နာရီအချိန်တွင် အောင်မင်္ဂလာ နှင့်ရေဒေါင်ကျေးရွာတို့တွင်မြို့နယ်ကျန်းမာရေးဦးနာနမှဦးဆောင်၍ ပြုလုပ်​ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း အနေဖြင့် လမ်းသွား လမ်းလာပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ပြည်သူများအနေဖြင့် အိမ်ပြင်သို့ ထွက်ခွာလာသူတိုင်း Mask မဖြစ်မနေ တပ်ဆင်ကြရန်နှင့် လက်သန့် ဆေးဆပ်ပြာရေဖြင့် လက်ကို သန့်စင်အောင် ဆေးကြောရန် စသည့်ကို မြိုနယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်များအား ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဆိုင်းသား(ပြန်/ဆက်)