ကြို့ပင်ကောက် ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းအုပ်ဆရာကြီး ဆရာမကြီးများအား မိုဘိုင်းဖုန်း(C4M) ဆော့ဝဲလ်အသုံးပြုပုံ မြို့နယ်အဆင့် ဆင့်ပွားသင်တန်း အား အထက (ပန်းတင်) ကျောင်းတွင် ယနေ့ နံနက် ၉ နာရီခွဲအချိန်က စတင်ကျင်းပ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်ဝင်းက ကျောင်းအုပ်ကြီးများမှ ကျောင်းတစ် ကျောင်းချင်းရဲ့ အချက်အလက်များကို မိုဘိုင်းဖုန်း(C4M) ဆော့ဝဲလ် အသုံးပြု၍ နေ့စဉ်ကျောင်းသားများ၏ စာရင်းရှိ ပျက်ကွက် လချုပ်စာရင်းများအား ဖြည့်သွင်းပြီး ပို့ပုံပို့နည်းများကို ဆင့်ပွားသင်ကြားပေးခြင်းဖြစ် ကြောင်း မိုဘိုင်းဖုန်း(C4M) ဆော့ဝဲလ် အသုံးပြုခြင်းဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အခြေခံ ပညာကျောင်းများမှ တစ်ဆင့် ကျောင်းနှင့် ပတ်သက်သော စာရင်းဇယားများကို ခရိုင်၊ တိုင်းပညာရေးဌာန များသို့ အချိန်နှင့်တစ်ပြေးညီပေးပို့ရောက်ရှိစေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ကြို့ပင်ကောက်မြို့ရှိ အခြေခံပညာကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး ၁၇၂ ဦးအား နှစ်သုတ်ခွဲ၍ နံနက်ပိုင်း တွင် အခန်းသုံးခန်းဖြင့် တစ်ကြိမ် နေ့လယ်ပိုင်း အခန်းသုံးခန်းဖြင့် တစ်ကြိမ် တစ်ခန်းလျှင် သင်တန်းသား ဆရာကြီး၊ ဆရာမကြီး (၃၀)ဦးစီဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)