ရေး ဒီဇင်ဘာ ၂၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နဝမကြိမ်မြောက် မွန်လူငယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက Kl & Family Royal Guest House ရှိ သူကြီးခန်းမ၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင်ရေးမြို့၊ သီရီမင်္ဂလာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမေဓာဝီက ဩဝါဒ မြွက်ကြားပြီး၊ မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်မှ ကိုယ်စားလှယ်တစ်ဦး၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စား မင်းအောင်ထူးနှင့် မွန်လူငယ်ဆုံရပ် (MYF) မှကိုယ်စားလှယ်တစ်ဦးက ဂုဏ်ပြု စကားပြောကြားပြီး မွန်ညီညွတ်ရေးပါတီ၏ သဝဏ်လွှာနှင့် မွန်ပြည်သစ်ပါတီ၏ သဝဏ်လွှာ တို့ကို မင်းဗညားထောက ဖတ်ကြားကာ ကျင်းပရေးကော်မတီဝင်များ ကိုယ်စား နိုင်မွန်ထောက ကျေးဇူးတင်စကားပြောကြားသည်။
မွန်လူငယ်နေ့သည် ခေတ်အဆက်ဆက်မှ မွန်လူမျိုးတို့၏ လွတ်လပ်ခြင်းအခွင့်အရေးနှင့် အမျိုသားတန်းတူရေး၊ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် မွန်အမျိုးသားခေါင်းဆောင်များ ကို ဂါရဝပြုခြင်း၊ မွန်လူငယ်ထုကြား စုပေါင်းခေါင်းဆောင်မှု စွမ်းရည်မြှင်တင်ပေးခြင်းနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ပြီး ပစ္စုပ္ပန်နှင့် အနာဂတ်အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ မွန်လူငယ်များစုပေါင်းပြီး မွန်လူငယ်နေ့ကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၉)ကြိမ်မြောက် ပြည့်ပြီး ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)