ဝန်းသို ဒီဇင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် စိန်လည်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံ ကိန်းချေးငွေဖြင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ရာသီ ပေါ်သီးနှံ ပန်းမုံလာ စိုက်ပျိုး တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
"ကျွန်တော်ကတော့ မြစိမ်းရောင်စီမံကိန်းကရရှိတဲ့ချေးငွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းလုပ်ပါတယ်၊ အဓိက တော့ ပန်းမုံလာနဲ့ မုံလာကို စိုက်ပျိုးပါတယ်၊ ကျတော်ဒီနှစ် ပန်းမုံလာအပင်(၂၀၀၀)လောက်စိုက်ပျိုးထားပါတယ်၊ မျိုးစေ့ဖိုးနှင့် လုပ်အားခ အပါအဝင် ကုန်ကျစရိတ်အားလုံး တစ်သိန်းခွဲလောက်ကုန်တယ်၊ လက်ရှိပေါက်ဈေးက ပန်းမုံလာတစ်ပွင့်ကို ၄၀၀ကျပ်၊ ၅၀၀ကျပ် နှုန်းရှိတော့ ပန်းမုံလာဝင်ငွေ (၈)သိန်းလောက်ရရှိနိုင်မယ်လို့ ကျွန်တော် ခန့်မှန်းထားပါတယ်၊၊ ဒီစီမံကိန်းချေးငွေမရှိခင်တုန်းက ရင်းနှီးငွေကို အပြင်မှာအတိုးနဲ့ချေးပြီးယူရတယ်၊ မြေဩဇာ ဝယ်ရင်လဲ တစ်လကို ၁၀၀၀ကျပ်နှုန်းအတိုးပေးပြီးဝယ်ရတော့ အမြတ်ငွေကသိပ်မကျန်ဘူး၊ အခုမြစိမ်းရောင်စီမံ ကိန်းကချေးငွေနဲ့ဆိုတော့ အဆင်ပြေတယ်၊ တစ်နှစ်ထက်တစ်နှစ် အပင်ရေပိုပိုပြီးစိုက်လာနိုင်ပါတယ်" ဟု ပန်းမုံလာစိုက်ပျိုးသည့် တောင်သူ ဦးနိုင်လင်းက ပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုး တက်လာ စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရင်းနှီးမတည်ငွေကျပ်သိန်း ၃၀၀စီဖြင့် ကျေးရွာပေါင်း ၃၅ရွာ ၂၁ယူနစ်ဖြင့်အကောင်အထည်ဖော်လျှက်ရှိရာ စိန်လည်+ ရှမ်းစု (၂)ရွာပေါင်းတစ်ယူနစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကျေးရွာပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများလုပ်ကိုင်ရာတွင် ရင်းနှီးမတည်ငွေရရှိသည့်အပြင် အဆိုပါ စီမံကိန်းအတိုးရငွေနှင့် ရွာတွင်း လျှပ်စစ်မီးရရှိရေးလုပ်ငန်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက် ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ကျော်မြိုင် (ပြန်/ဆက်)