အင်းတော်မြို့နယ်တွင် ဆောင်းမြေပဲ ဆင်းပဒေသာ - ၁၁ စိုက်ပျိုးမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

အင်းတော် ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံလျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် အင်းတော်မြို့နယ် မြို့မ နည်းပညာပြန့်ပွားစင်တာနယ်မြေအတွင်းရှိ လက်ပံကုန်းကျေးရွာ တောင်သူ ဦးထွန်းကျော် ကွင်းအမှတ် ( ၁၀၃၄ ) တွင် ဆောင်းမြေပဲ ဆင်းပဒေသာ - ၁၁ စိုက်ပျိုးမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်း အချိန်က အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်နှင့် စိုက်ပညာရှင်ဝန်ထမ်းများမှဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အနေဖြင့် ၂၀၂၀ ခုနှစ်တွင် ဆောင်းသီးနှံ သီးနှံစုံဧက ငါးသောင်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခု ၂၀၂၀ ခုနှစ်တွင် ဆောင်းသီးနှံသီးနှံစုံဧက ခြောက်သောင်းကျော် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် မိမိတို့၏ လယ်မြေ၊ ယာမြေများ အတွင်းတွင် သီးထပ်၊  သီးညှပ်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေများ တိုးလာအောင် ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်နိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်များ၊ အထွက်တိုးမျိုးများကို စိုက်ပျိုး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့် နည်းပညာ အခက်အခဲများရှိပါက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ပါကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များကို လေ့လာရန် သက်ဆိုင်ရာနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ တာဝန်ခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်းအင်းတော်မြို့နယ်အနေဖြင့် ယခုဒီဇင်ဘာလ ( ၂၈ ) ရက်နေ့အချိန်ထိ ဆောင်းသီးနှံ ဧက လေးသောင်းခွဲကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြ ခဲ့သည်။

ခန့်ဇော်ပိုင်(ပြန်/ဆက်)