သံတောင်ကြီးမြို့နယ် ၊ တောပြာကြီးကျေးရွာအဝင်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် အောက်ခံမြေသားလမ်းချဲ့ထွင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီး

သံတောင်ကြီး ဒီဇင်ဘာ ၂၈

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်သည်  တောင်ပေါ်မြို့ဖြစ်ပြီး   တောင်ကုန်း တောင်တန်း များပြားသည့်  အားလျော်စွာဒေသခံပြည်သူများ သွားလာရေးတွင် လွယ်ကူစေရန် နှင့်ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ၊ ကျေးလက်လမ်း ဖွံ့ဖြိုး ရေးဦးစီးဌာနမှ  တောပြာကြီးကျေးရွာ  အဝင်လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ  ဆောင် ရွက် နိုင်ရန် အတွက်မြေသားလမ်းချဲ့ထွင်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ဖြစ်ပြီး ၍ကွန်ကရစ်ခင်းခြင်း လုပ်ငန်း များကို  အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါတောပြာကြီးရွာအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်ထောင်စု ရန်ပုံငွေကျပ် (၁၅၂.၈၃၄)သန်းဖြင့် လမ်းအကျယ်(၁၂)ပေ၊ ထု(၇)လက်မ၊ အရှည်(၄)ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးကျော်၏ အနီးကပ် ကြီးကြပ်မှုနှင့်ရွှေသပြေဝင်းကုမ္ပဏီမှ  တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။ 

မြို့နယ် ပြန်/ဆက်