သံတောင်ကြီး ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေ ရန် နှင့် ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန် ကမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သည့် အားလျော်စွာ ဧည့်သည်အဝင် အထွက်များ စနစ်တကျ ထိန်းချုပ်နိုင်ရန် ၊ မြို့ဝင်မြို့ထွက် ဂိတ်များတွင် ဌာနဆိုင်ရာ များ ၊ မြို့မိမြို့ဖများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီအား အလှည့်ကျ တာဝန်ပေးအပ်မည့် အစီအစဉ်များ ၊ Quarantine Centre တွင် ပါဝင်ကူညီ ဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းများကို ထောက်ပံ့ပေးနိုင်မည့်အစီအစဉ်များ ၊အပတ်စဉ် Mask Campigm ဆောင်ရွက် မည့်အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ နှင့် စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရန်အတွက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်