ကော့ကရိတ်ခရိုင် ဒီဇင်ဘာ ၂၈
ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ''ဝဥ'' စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်း ခြင်းအခမ်း အနားကို ယမန်နေ့ နံနက် (၁၀၀၀)နာရီအချိန်ကကော့ကရိတ်မြို့နယ် ၊ပုလဲဖြူ လူမှု ကယ်ဆယ်ရေးရုံးတွင်ကျင်းပသည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က အဖွင့်အမှာစကား ပြောကြား ပြီး၊ ကော့ကရိတ် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်နိုင် က''ဝဥ'' စိုက်ပျိုးထုတ်လုပ်ရေး၊မျိုးကောင်းမျိုးသန့်ရရှိရေး၊စိုက်နည်းစနစ်မှန်ကန်ဆောင်ရွက်ရေး နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ကရင် ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ၊ပြည်နယ်ဦးစီး မှူး ဦးသန်းဦးက ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဥပဒေများနှင့် စပ်လျဉ်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊''ဝဥ''စိုက်ပျိုးထုတ်လုပ်ရာတွင် အရည်အသွေး ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်သွားရန်ကိစ္စများ၊ ပြည်တွင်းမှ ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်းနှင့် အသင်းဖွဲ့စည်းဆောင်ရွက်ပုံများ ရှင်းလင်းဆွေးနွေးခြင်းနှင့်ကရင်ပြည် နယ် ''ဝဥ'' စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဖြစ် မြောက်ရေးဦးဆောင် ကော်မတီ ဥက္ကဌ ဦးလှရွှေက ''ဝဥ''စမ်းသပ်စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေနှင့် အသင်းဖွဲ့စည်း ရခြင်း၏ ရည်ရွယ်ချက် ကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာသည့် ''ဝဥ'' စိုက်ပျိုးနေသည့်တောင်သူများမှ အများ ဆန္ဒ ဖြင့်ရွေးချယ်ထားသည့် ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ''ဝဥ'' စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအား အဖွဲ့ဝင်(၁၇)ဦးဖြင့် ရွေးချယ် ဖွဲ့စည်းပေးခြင်း၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးနေထွန်းအောင် က ''ဝဥ'' စိုက်ပျိူးထုတ်လုပ်ရာတွင် ဆောင်ရွက်ရန်နည်းလမ်းများ ၊ထုတ်လုပ် ၊တင်ပို့ရန် နည်းလမ်းများ၊ အစဥ်တစိုက် ဆက်လက်လုပ် ဆောင်ရန်လို အပ်ချက်များအားမှာ ကြား ဆောင်ရွက်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခြင်းများပြုလုပ် ဆောင်ရွက် ခဲ့ ကြသည်။
အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝဥစိုက်ပျိုး တောင်သူ(၂၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မျိုးဝင်း