အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပေကျင်းမြို့၊ မြန်မာသံရုံးမှ ကိုဗစ်-၁၉ ကော်မတီသို့ နှာခေါင်းစည်း(၂၁၂၁၀၀)ခု လှူဒါန်း

ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုတွင် အထောက်အကူပြုနိုင်မည် ဖြစ်ပြီး အမှန်တစ်ကယ် လိုအပ်နေသူ အများပြည်သူများအတွက်လည်း အတိုင်းအတာ တစ်ခုအထိ ကာကွယ်မှု ပြုနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီသို့ နှာခေါင်းစည်း(၂၁၂၁၀၀)ခု လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်(၁) နာရီ အချိန်က အင်းစိန်(GTI) ကန့်သတ်စောင့်ကြည့်စင်တာ(၁)တွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ် သည့်နေရာများ သုံးစွဲနိုင်စေရန်အတွက် ပေကျင်း မြို့၊ မြန်မာသံရုံး ကိုယ်စား တာဝန်ရှိသူတစ်ဦးက နှာခေါင်းစည်း (၂၁၂၁၀၀)ခုကို လှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ တာဝန်ရှိသူများဖြစ်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းကြည်တို့က လက်ခံရယူ ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြား ခဲ့ သည်။

လှူဒါန်းရရှိခဲ့သည် နှာခေါင်းစည်း(၂၁၂၁၀၀)ခုကို ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် အင်းစိန်မြို့နယ်၊ ရပ်ကွက်ပေါင်း(၂၁)ရပ်ကွက်ရှိ လမ်းများ၊ ကားဂိတ်များနှင့် ဈေးများသို့ တာဝန်ရှိသူများက သွားရောက်၍ အများပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာရခြင်းနှင့် နေ့စဉ်စားဝတ်နေရေး ကြောင့် နေအိမ်ပြင်ပ ထွက်ခွာနေရသူများ အား နှာခေါင်းစည်းများကို အခမဲ့ဝေငှ နိုင်ရေးအတွက် Mask Campaign များ ပြုလုပ်သွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)