ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စေတနာရှင် ပရဟိတအသင်း ရန်ကုန်သို့ လူနာတင်ယာဉ်နှင့် ကာကွယ်ရေးသုံး ပစ္စည်းများနှင့် အလှူငွေများ လာရောက်လှူဒါန်း

ဒဂုံမြို့သစ်(အရှေ့ပိုင်း) ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် စေတနာရှင် ပရဟိတအသင်း - ရန်ကုန်သို့ ကိုဗစ်-၁၉ ရောဂါကာလ အရေးပေါ် ကျန်းမာရေး ကူညီ ပို့ဆောင်မှုများတွင် ယာဉ်အတွက် လိုအပ်သည်များ အသုံးပြုရန် အလှူငွေများ လာရောက် လှူဒါန်း ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ လှူဒါန်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၃ ရပ်ကွက်နေ ဦးကျော်မိုး+ ဒေါ်ခင်မာ မိသားစုမှ လှူဒါန်း ငွေကျပ်(၁၀၀၀၀၀)၊ အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်းနေ ကိုနေလင်းဦး+မအေးအေးခိုင် မိသားစုမှ လှူဒါန်းငွေ( ၂၅၀၀၀၀)၊ မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇေယျာမိုး+မတင်တင်မော် မိသားစုမှ (၁၀၀၀၀)၊ မနွေးနွေးသွဲ့မောင်မှ (၁၀၀၀၀)၊ အမှတ် ၇ ရပ်ကွက်နေ မသန္တာဋ္ဌေးမှ (၅၀၀၀) ၊ အမှတ် ၆ ရပ်ကွက်နေ ဦးသိန်းထွန်း+ ဒေါ်ချိုမိသားစုမှ (၅၀၀၀၀)၊ ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ် အမှတ် ၃၅ ရပ်ကွက်နေ ဦးမျိုးအောင်သီမှ (၃၀၀၀၀)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) အမှတ် ၃ ရပ်ကွက်နေ ဦးသန်းအောင်မိသားစု မှ(၅၀၀၀၀) တို့အား အသီးသီး လှူဒါန်းခဲ့ကြရာ စေတနာရှင် ပရဟိတအသင်း ကိုယ်စားအတွင်းရေးမှူး ကိုဖြိုးမှ လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စေတနာရှင် ပရဟိတ အသင်းအဖွဲ့အနေဖြင့် မြိုနယ်အတွင်း ဖွင့်လှစ်ထားသည့် အသွားအလာ ကန့်သတ်စောင့် ကြည့်နေရာ များသို့ ကိုဗစ်-၁၉ ရောဂါရှိသူများနှင့် ဆက်စပ် သူများ၊ သံသယရှိသူများကို ပို့ဆောင်ပေးခြင်း၊ ရောဂါမရှိသူများကို နေအိမ်များ သို့ ပြန်လည် ပို့ဆောင်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာ ဌာနများ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်း၊ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများ အား အခြေခံ စားသောက် ကုန်များ လှူဒါန်းခြင်းစသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် အလှူရှင်များ အနေဖြင့် ပူးပေါင်းပါဝင် လှူဒါန်းလိုပါက ဖုန်း-၀၉/ ၂၆၁၇၄၀၄၃ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)