ခင်ဦး ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ယာယီပျံကျဈေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကယ်ရေး ပညာ ပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၂၉ ရက် နံနက်ပိုင်းက မြို့နယ် သူနာပြုအဆင့် (၁) ဒေါ်ခင်ချိုမော်နှင့် မြို့ပေါ်ရှိ သားဖွားဆရာမများက ဈေးရောင်းသူနှင့် ဈေးဝယ် သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါပညာပေးလက်ကမ်းစာစောင်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၆ ရက်နေ့က ထပ်မံတိုက်တွန်း နှိုးဆော်ခြင်းဖြစ်သည့် နေရာပေါင်းစုံမှ လူများလာရောက်ရာ နေရာ ဖြစ်သည့် ဈေးများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရန် အခွင့်အလမ်းအများဆုံး နေရာတစ်ခု ဖြစ်ကြောင်း၊ ပါးစပ်၊ နှာခေါင်းစည်း စနစ်တကျ မတပ်ထားသူများထံမှ ဈေးလုံးဝ(လုံးဝ) မဝယ် ကြရန် သတင်းဖြန့်ဝေပေးကြပါ စသည့်တို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကာကွယ်ရန် ပါးစပ်၊ နှာခေါင်းစည်း မှန်ကန်စွာ အသုံးပြုနည်း ပညာပေးလက်ကမ်း စာစောင် များကို လည်းကောင်း စုစုပေါင်း လက်ကမ်း စာစောင် (၅၀၀) စောင်ကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)