မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့အတည်ပြုလူနာသစ် (၂၉)ဦး ထပ်တိုး တွေ့ရှိ

မကွေး  ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်တိုးတွေ့ ရှိကာ တိုင်းဒေသ ကြီး အတွင်း အတည်ပြုလူနာပေါင်း(၂၄၇၉)ဦးရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကာ ဆေးရုံ ဆင်းခွင့် ရရှိသူတွေ ရှိသလို၊ ပိုးတွေ့ရှိမှုကလည်း ရှိနေဆဲပါ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ တွေရှိ ခဲ့တဲ့ လူနာ တွေက NHL နဲ့ RDT စစ်ဆေးမှုအရ စုစုပေါင်း  ပိုးတွေ့အတည်ပြုလူနာ(၂၉)ဦး ထပ်တိုးတွေ့ ရှိခဲ့တာပါ၊ ပိုးတွေ့ လူနာတွေက မြို့သစ်က(၁၁)ဦး၊ စလင်းက(၅)ဦး၊ မကွေးနဲ့ ရေနံချောင်း က(၂)ဦးစီ၊ ပွင့်ဖြူနဲ့  မြိုင်က(၃) ဦးစီနဲ့ ပခုက္ကူ၊ နတ်မောက်နဲ့ မင်းဘူး က(၁)ဦစီတို့ဖြစ်ပါတယ်၊ ပိုးတွေ့လူနာတွေထဲက မြို့သစ်က(၆)ဦး၊ စလင်းက(၄)ဦး၊ မင်းဘူး က(၁)ဦး၊မကွေးက(၁)ဦးနဲ့ မြို့သစ်(၁)ဦးတို့က ပိုးတွေ့အတည်ပြုလူနာနဲ့ထိတွေ့ မှုရှိတာ ကြောင့် အသွားအလာ ကန့်သတ် ထားသူတွေပါ၊ပခုက္ကူ(၁)ဦးက ယာဉ်မောင်းဖြစ်ပြီး၊ နတ်မောက် (၁)ဦးက အနံ့ပျောက် လက္ခဏာပြလူနာပါ၊ ကျန်သူတွေက(Quarantine Centre )တွေက ဖြစ်ပါတယ်၊ မနေ့က ပိုးတွေ့လူနာ ဆုံးသွားတယ်ဆိုတာ ဟုတ်ပါတယ်၊ အသက် (၆၉)နှစ်အရွယ် တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက်က ဖြစ်ပါတယ်၊ ဒီကနေ့ ညပိုင်းအချိန်အထိ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ် -၁၉ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၂၄၇၉)ဦးရှိပြီး၊ သေဆုံးသူကတော့(၆)ဦး ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြော ကြားသည်။

လက်ရှိမှာ မကွေးတိုင်းဒေသကြီးအတွင်း ယနေ့ညပိုင်းအချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း(၂၄၇၉)ဦးထိ ရှိလာပြီး၊ တိုင်းဒေသကြီးက ဆေးရုံအသီးသီးမှာ ဆေးရုံ တက်ရောက် ကုသမှုခံယူနေသူ(၃၄၆)ဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံ ဆင်းခွင့် ရရှိသူ(၂၁၂၇)ဦး ရှိကာ သေဆုံးသူကတော့(၆)ဦးရှိကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

သန်းနိုင်ဦး(ငဖဲ)