ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူသီးနှံဝင်ငွေတိုးပွားရေး ဆောင်းသီးနှံကုလားပဲ မျိုးယှဉ် ပြိုင် စမ်းသပ်ကွက် စိုက်ပျိုးဆောင်ရွက်

ပွင့်ဖြူ  ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ၊ ဆောင်းသီး နှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ အထွက်နှုန်းကောင်းသော သီးနှံစိုက်ပျိုး နည်းစနစ်များ ရရှိစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဆောင်းသီးနှံကုလားပဲ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံက သိရသည်။

အဆိုပါ ဆောင်းသီးနှံကုလားပဲ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းကို စိုက်ပျိုးရေးသုတေသန ဦးစီး ဌာနနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် အထွက်နှုန်းကောင်းသော ကုလားပဲမျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးနိုင်ရေးအတွက် ရည်ရွယ်စိုက်ပျိုးဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ ဆောင်းသီးနှံကုလားပဲ မျိုးယှဉ် ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးဧကအနေဖြင့် သုည ဒသမ ၇၀ ဧက စိုက်ပျိုးထားရှိ ကြောင်း သိရသည်။

“ ယခု ၂၀၂၀ - ၂၀၂၁ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့် ဒေသတွင်းရှိ တောင်သူတွေ အထွက်နှုန်းကောင်းသော ကုလားပဲမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေ ပိုမိုရရှိစေရေးအတွက် ရည်ရွယ်ပြီး ဆောင်းသီးနှံကုလားပဲ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးဆောင်ရွက်ထားပါတယ်။ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုး ခြင်း ကိုတော့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ ပူးပေါင်းပြီး စိုက်ပျိုးဆောင်ရွက်ထားတာ ဖြစ်ပါတယ်။ ဆောင်းသီးနှံကုလားပဲမျိုးကိုတော့ (၆)မျိုး ရွေးချယ်ပြီးတော့ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အနေနဲ့ စိုက်ပျိုး ထားခြင်း ဖြစ်ပြီး ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ တောင်သူ ဦးမျိုးညွန့်ဦး၏ လယ်မြေမှာ သုည ဒသမ ၂၀ ဧကနဲ့ ကံဆွယ်ကျေးရွာ တောင်သူ ဦးသိန်းဌေး၏ လယ်မြေမှာ သုည ဒသမ ၅၀ ဧက ၊ စုစုပေါင်း စိုက်ဧက သုည ဒသမ ၇၀ ဧက စိုက်ပျိုး ဆောင်ရွက်ထားပါတယ်။ ယခု မျိုးယှဉ်ပြိုင် စမ်းသပ်ကွက် စိုက်ခင်း တွေက ထွက်ရှိတဲ့သီးနှံတွေကို မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပြီးတော့ တောင်သူတွေ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ပွင့်ဖြူ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောသည်။

ရဲဝင်းနိုင် ( ညောင်ဦး )