ရှမ်းရွာသစ် ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာ နှင့် မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်မြေသားလမ်းဖောက်လုပ်ခြင်းကို ဒီဇင်ဘာလဒုတိယပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်းတွင် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ်(၂၁၀)သိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အရှည်(၄၅၀၀)ပေ၊ အကျယ်(၂၅)ပေရှိပြီး စီမံကိန်းတာဝန်ရှိသူများတို့၏ စနစ်တကျ လမ်းညွှန်မှုနှင့် ကျေးရွာ ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း၊ ဇန်နဝါရီလ ပထမပတ်တွင် ပြီးစီးမည်ဖြစ်ကြောင်း၊ ၎င်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှတစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူးသွားလာနိုင်ပြီး ဒေသတွင်းလမ်းပန်း ဆက်သွယ် ရေးကောင်းမွန်လာခြင်းကြောင့် မဲသမူးကျေးရွာအုပ်စုရှိ အိမ်ခြေပေါင်း(၁၄၂)အိမ်နှင့် အိမ်ထောင်စုပေါင်း (၁၈၈)စုတို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများတွင် ယခင်ကထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ် ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိသည်။
ဇင်လေး