ဝေါလေမြိုင် ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေကြသူများ၊ ဈေးရောင်း/ဈေးဝယ် သူများ အနေဖြင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် နှာခေါင်းစည်းများ အခုဝယ်အခုတပ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်းမပါဘဲ ဈေးရောင်း ချနေသောဈေးသည်များ၊ ဈေးဝယ်သူများနှင့် ပြင်ပသို့ ထွက်ခွာသွားလာနေသူများအား နှာခေါင်း စည်းတစ်ခုကို ၅၀ ကျပ် နှင့် ဒဏ်ကြေးငွေ ၁၅၀ ကျပ် စုစုပေါင်း ၂၀၀ ကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နိုင်မျိုးသင်း