မြို့သစ် ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် နေပြည်တော် - တောင်ညို-မြို့သစ်- ကံပြား(မကွေး) ကားလမ်းကတ္တရာလမ်းအား ထပ်ပိုးလွှာခင်းခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး) ကားလမ်း ထပ်ပိုးပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်ခြင်းကို ယခုနှစ် ၂၀၂၀ ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ပြီး ၂၀၂၁ ခုနှစ် ဇွန်လကုန် မိုးမကျခင် အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ(SAE) ဦးငြိမ်းချမ်းမှ ပြောကြားခဲ့သည်။
နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး)ကားလမ်း ၄၄မိုင် ၃ဖာလုံ မှ ၄၆ မိုင်အထိ ( ၁မိုင်၅ဖာလုံ) ၄၇မိုင်၄ဖာလုံ မှ ၄၇မိုင် ၅ ဖာလုံ အထိ အရှည်( ၁-ဖာလုံ) စုစုပေါင်းအရှည် (၁ မိုင် ၆ ဖာလုံ) အကျယ်( ၁၈ ပေ) ကတ္တရာလမ်းအား ၄၀% လမ်းအနိမ့် အမြင့်ဖြေညှိ၍ ကတ္တရာရေပိတ်လွှာ လောင်းခြင်းကို ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံငွေးရင်း/ အထူး ရန်ပုံငွေ ၉၆.ဝဝ သန်းဖြင့် ဆောင် ရွက်ပြီး ၊၄၆မိုင်၇ဖာလုံ မှ ၄၇ မိုင်၃ဖာလုံအထိ( ၄ဖာလုံ)၄၈မိုင်၂ဖာလုံ မှ ၄၈မိုင် ၄ ဖာလုံ အထိ( ၂ ဖာ လုံ) စုစုပေါင်း အရှည်(၆ဖာလုံ)အကျယ် (၁၈ပေ) ကတ္တရာလမ်းအား အောက်ခွဲကျောက် ၆ လက္မထု၊ ( ၁.၂ လက္မ) ကျောက် ၃လက္မ ထုဖြင့် ကတ္တရာထပ်ပိုးလွှခင်းခြင်းကို ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးငွေလုံး ငွေးရင်း/ အထူးရန်ပုံငွေ ၁၂၀.ဝဝ သန်းဖြင့်ဆောင်ရွက်ပြီး ၄၈မိုင် ၇ဖာလုံ မှ ၄၉ မိုင် ၂ဖာလုံအထိ (၃ဖာလုံ) ၅၁မိုင် မှ ၅၁မိုင် ၁ ဖာလုံ အထိ( ၁ဖာလုံ) စုစုပေါင်းအရှည် ( ၄ဖာလုံ) အကျယ် (၁၈ပေ) ကတ္တရာလမ်းအား ၄၀%လမ်းအနိမ့် အမြင့်ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာ လောင်းခင်းကို ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံ ငွေရင်း/ အထူးရန်ပုံငွေ၂၉.၁၃၇ သန်းဖြင့် ဆောင်ရွက်ပြီး၊ (၅၃မိုင် ၂ဖာလုံမှ ၅၃ မိုင် ၆ ဖာလုံ)ထိ အရှည် ၄ဖာလုံ၊ အကျယ်( ၁၈ ပေ) ကတ္တရာလမ်းအား ၄၀% လမ်းအနိမ့် အမြင့်ဖြေညှိ ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်းကို ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီး ငွေလုံငွေရင်း/ အထူး ရန်ပုံငွေ၂၉.၁၃၈သန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို ဆောင်ရွက်လုပ်ဆောင်နေကြောင်း မြို့နယ်လမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်ပို့ပို့လွင်ထံမှ သိရသည်။
သန်းဝင်ထွန်း (ပြန်/ဆက်)