ညောင်လေးပင် ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့တွင် Quarantine ဝင်သူများ ကိုဗစ်-၁၉ အတည်ပြု လူနာများနှင့် Volunteer များအတွက် ထမင်းဘူးများကို အဖြူရောင်နှလုံးသား လူမှုကူညီရေး ပရဟိတအဖွဲ့မှ နေ့စဉ်စီစဉ်လှူဒါန်းပေးလျက်ရှိပြီး ယမန်နေ့ နံနက်ပိုင်းက နေ့လယ်စာနှင့် ညနေစာအတွက် ထမင်းဘူး (၂၀၀) လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
နေ့စဉ် ကျွေးမွေးလှူဒါန်းသည့် ကုန်ကျစရိတ်အားအဖွဲ့မှ မတည်လှူဒါန်းကာ စေတနာရှင် အလှူရှင်များမှလည်း လှူဒါန်းပေးလျက် ရှိပြီး နေ့စဉ်ကျွေးမွေးသည်မှာ (၄၄)ရက်မြောက် လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကာ ကိုဗစ်-၁၉ ကာလအတွင်း ဆက်လက်လှူဒါန်း ပေးသွား မည် ဖြစ်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)