ညောင်လေးပင်မြို့၌ ဒီဇင်ဘာလတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၈) ဦးတွေ့ရှိ

ညောင်လေးပင် ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ဒီဇင်ဘာလတွင် ၂၈ ရက်နေ့အထိ (၂,၀၇၁)ဦးအား စစ်ဆေးရာ ကိုဗစ်-၁၉ အတည်ပြု လူနာ(၃၈)ဦး တွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ဧပြီလမှ ဒီဇင်ဘာလအထိ စစ်ဆေးမှုမှတ်တမ်းအရ စောင့်ကြည့်လူနာ(၆၉)ဦး၊ အသွားအလာ ကန့်သတ်ထားသူ(၅,၂၀၀)ဦး၊ အတည်ပြုလူနာနှင့်ထိတွေ့သူ(၅၁၇)ဦးနှင့် အခြားစစ်ဆေးသူ (၄၂၃)ဦး စုစုပေါင်း (၆၂၀၉)ဦးအား စစ်ဆေးရာ (၁၉၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြု လူနာများထဲမှ ဆေးရုံ‌ဆင်းခွင့်ရသူ (၁၈၅)ဦး၊ သေဆုံး အမျိုးသမီးတစ်ဦးရှိပြီး ဆေးရုံတက်ရောက် ဆဲ (၈) ဦးရှိကာ အဆိုပါ(၈)ဦးအား တိုင်းရင်း ဆေးရုံတွင်(၅)ဦး၊ ပြွန်တန်ဆာ တိုက်နယ်ဆေးရုံ တွင်(၂)ဦး၊ ညောင်လေးပင်မြို့နယ် ဆေးရုံ တွင် (၁)ဦး ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်းသိရသည်။

သက်လွင် (ညောင်လေးပင်)