ခန္တီးမြို့တွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပြုလုပ်

ခန္တီး ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ခန္တီးမြို့ခရိုင် စီမံခန့်ခွဲမှုကော်မတီအစည်းဝေခန်းမ၌ ဒီဇင်ဘာလ ၂၉ ရက် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးလှမျိုးက အဖွင့်အမှာ စကားပြောကြားပြီး အတွင်း​ရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သော လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။

ခန္တီးခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလ အထိ Case Management System ဖြင့် ကူညီဖြေရှင်းဆောင်ရွက်ပေးသည့် ဖြစ်ရပ်ပေါင်း (၇) ခုရှိပြီး ပိတ်သိမ်းပြီး ဖြစ်ရပ် (၄) ခု၊ ဆောင်ရွက်ဆဲ (၂) ခုရှိကြောင်း သိရသည်။

အဆိုပါ အစည်းဝေးသို့ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အမ်းအင်းလမ်း