မင်းလှမြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းလှ(အောက်) ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ဒီဇင်ဘာ ၂၈ ရက် နေ့လယ် ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က မြို့နယ်စည်ပင်သာယာရေးကော်မတီ သက်တမ်း(၅)နှစ်ပြည့်တော့မည်ဖြစ်၍ အသစ် ပြန်လည် ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် ရပ်ကွက်များတွင် အများယုံကြည်လေးစား ခြင်းခံ ရသော ပုဂ္ဂိုလ် များကို ရွေးချယ်ပေးကြရန်နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက စည်းမျဉ်းစည်းကမ်းဥပဒေများနှင့်အညီ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းကျော်က မြို့နယ်စည်ပင်သာယာ ရေးကော်မတီ ပြန်လည်ရွေးချယ်ပေးနိုင်ရေး အတွက် ရပ်ကွက်နှင့် မြို့နယ်အဆင့် အများယုံ ကြည်လေးစားရသော ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ပုဂ္ဂိုလ်များ ဖွဲ့စည်းပေးနိုင်ရေးနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီ ရွေးချယ်ပွဲဆောင်ရွက်ရန် ဥပဒေ၊ နည်းဥပဒေများကို အသေး စိတ်ရှင်းလင်း အသိပေးပြောကြားခဲ့သည်။

မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်လောင်း လျှောက်လွှာများကို မြို့နယ်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ထံသို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တင်သွင်းလျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ