ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အဓိကဆောင်ရွက်ရမည့် ပါးစပ်နှင့် နှာခေါင်းစည်း အကာအကွယ် Mask တပ်ခြင်း၊ မကြာခဏ လက်စနစ်တကျ‌ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် သွားလာ နေထိုင်ခြင်းမပြုရေး စသည့် လမ်းညွှန်ချက် များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးဖိုမီးနှင့် လျှပ်စစ်မီးများကို အထူးဂရုပြု သုံးစွဲရေး၊ ညအိပ်ချိန်တွင် ဖယောင်းတိုင်၊ ခြင်ဆေးခွေ စသည် တို့ကို သေချာစွာ ငြှိမ်းသတ် ရေးနှင့် နေအိမ်တိုင်း မီးသတ်ဆေးဘူး ထားရှိရေးတို့ကို လိုက်လံ အသိပေး နှိုးဆော်လျက် ရှိကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)