တွံတေးမြို့၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်

တွံတေး ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့တွင် တွံတေးမြို့နယ် တရားရုံး၌ စတင်အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တော်ဝင်စန္ဒကူးခန်းမ၌ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။

မိတ်ဆက်ရှင်းလင်းပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦး၊ ဦးနေနိုင်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး မြို့နယ်တရားသူကြီး ဦးဋ္ဌေးဝင်းအောင်နှင့် မြို့နယ်တရားရုံးမှ တာဝန်ရှိသူများ၊ မြို့ဥပဒေ အရာရှိ ဦးအောင်လွင်နှင့် မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းဆွေ၊ မြို့နယ်မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်ကျော်နိုင်ဦး နှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးတို့က အမှာစကားများ ပြောကြားပြီး မြို့နယ်တရားသူကြီး ဦးဋ္ဌေးဝင်းအောင်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ စတင်အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်မည့် မှုခင်းစီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်း၊ မှုခင်းစစ်ဆေးရာတွင် အသုံးပြုမည့် ပုံစံများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပြီး နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်၍ တက်ရောက်လာသူများမှ သိရှိလိုသည့်များ မေးမြန်းမှုအပေါ် မြို့နယ် တရားသူကြီး ဦးဋ္ဌေးဝင်းအောင်က ပြန်လည်းရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရ သည်။

မျိုးလှိုင်(တွံတေး)