အုတ်တွင်း ဒီဇင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို ယမန့်နေ့က ဇီးဖြူသောင် ကျေးရွာအုပ်စု၊ ပဲကြီးခုံကျေးရွာ၊ ဘန့်ဘွေး ကုန်း ကျေးရွာ အုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ဆွဲလဲချောင်းကျေးရွာ (ပေတရာ)၊ ဘုရားနှစ်ဆူ ကျေးရွာ အုပ်စု၊ ဘုရားနှစ်ဆူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ ဖွံဖြိုးရေးစီမံကိန်း (VDP)မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းပေးခြင်း အခမ်းအနားတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ချိုချိုက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက စီမံကိန်းလုပ်ငန်းစဉ်များနှင့် ကော်မတီဖွဲ့စည်းရာတွင် လိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းချက် များအားရှင်းလင်းဆွေးနွေးခဲ့သည်။
အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် ကျေးရွာပေါင်း(၂၂)ရွာရှိပြီး၂၈-၁၂-၂၀၂၀ ရက်နေ့ထိ ကျေးရွာပေါင်း(၂၀) ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာများအား ဒီဇင်ဘာအတွင်း အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ခင်မာ(ပြန်/ဆက်)