ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ

ခရမ်း ဒီဇင်ဘာ ၂၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Mask တပ်ဆင်မှုမရှိသူ များကို mask များအား ယနေ့ နံနက်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြိုနယ်အုပ်ချုပ် ရေးမှူး ဦးမင်းဆန်းထွန်းနှင့် ဝန်ထမ်းများ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး နှင့် ကော်မတီအဖွဲ့ဝင်များ၊ ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးသိန်းထူး နှင့် တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျဈေး ရောင်းချခြင်း များရှိ/မရှိ စစ်ဆေးခြင်း၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်လာပြည်သူများအား ကိုယ်အပူချိန် တိုင်းပေး ခြင်း၊ လက်သန့်ဆေးဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များ (အခမဲ့) ဖြန့်ဝေ ပေးခြင်းများနှင့် ဈေးများအတွင်း Mask တပ်ဆင်မှုမရှိသော ဈေးရောင်းချသူများနှင့် ဈေးဝယ် သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ပါးစပ်၊ နှာခေါင်းစည်း Mask မတပ်ဆင်ဘဲ ဈေးရောင်းချခြင်း၊ ဈေးဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ် မလိုက်နာပါကဒဏ်ငွေ ရိုက်ခြင်း၊ တတိယအကြိမ် စည်းကမ်း မလိုက်နာပါက ဈေးရောင်းချခွင့် ရက်အကန့်အသက်မရှိ ပိတ်သိမ်းသည်အထိ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ခရမ်းမြို့နယ် စည်ပင်သာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးထံမှ သိရသည်။

ကိုမင်း(ခရမ်း)