ရေတာရှည် မကျည်းကုန်းရွာ၌ နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း

ရေတာရှည်   ဒီဇင်ဘာ   ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ အနောက် သစ်ပုပ္ပင်ကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ယမန်နေ့ နံနက် ၄ နာရီခွဲက နေအိမ်မီးကြွင်းမီးကျန်မှတဆင့် မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း  သာဂရနယ်မြေ ရဲစခန်းမှ သိရှိရသည်။

ဖြစ်စဉ်အရ  မကျည်းကုန်းကျေးရွာနေ ဒေါ်ခင်ဝင်း သက်ကယ်မိုး ထရံကာ မြေစိုက်နေအိမ် မီးဖိုဆောင်အတွင်းရှိ မီးကြွင်းမီးကျန် မှတဆင့် နေအိမ်ကိုစတင်လောင်ကျွမ်း၍ အိမ်နီးချင်း နေအိမ်တစ်လုံးနှင့် မီးဖိုဆောင်တစ်ခု၊ အ.လ.က စာသင်ကျောင်းဝန်းအတွင်းရှိ  သွပ်မိုး ပျဉ်ခင်းပျဉ်ကာ အဆောက်အဦတစ်လုံး၊  သွပ်မိုး ပျဉ်ခင်း ပျဉ်ကာအဆောက်အဦ တစ်လုံး တို့ကိုကူးစက် လောင်ကျွမ်း ခဲ့ခြင်းကြောင်း၊ မီးလောင်ကျွမ်းမှုအား ဒေသခံများ ဝိုင်းဝန်းစုပေါင်း ငြိမ်းသတ်ခြင်း ကြောင့် မီးငြိမ်းခဲ့ကြောင်း သာဂရနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် သက်လွင်ဦးနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့စဉ် တွေ့ရှိရကြောင်း သိရသည်။

ဆု(ပြန်/ဆက်)