အသေးစားနှင့် အလတ်စား စက်ရုံအလုပ်ရုံ လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့် ကုန်သည်စက်မှု အသင်းချုပ်၊ မြန်မာ့ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးဗဟိုဌာန (MPC) ၏ ဒုတိယအကြိမ်မြောက် အခမဲ့ Online Seminar သို့ စိတ်ပါဝင်စားသူများတက်ရောက်

လမ်းမတော် ဒီဇင်ဘာ ၂၉

ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာ့ကုန်ထုတ် စွမ်းအားတိုးမြှင့်ရေးဗဟိုဌာန (MPC) ၏ ဒုတိယအကြိမ်မြောက် အခမဲ့ Online Seminar အား အသေးစားနှင့် အလတ်စားစက်ရုံ အလုပ်ရုံလုပ်ငန်းများအတွက် ရည်ရွယ်၍ “Business Continuity Planning for SME Factories” ခေါင်းစဉ် ဖြင့် ယမန်နေ့ နေ့လယ်(၂) နာရီမှ ညနေ (၄)နာရီအထိ ကျင်းပပြုလုပ် ခဲ့ရာ စိတ်ပါဝင်စားသူစုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ သည်။

၎င်း Seminar တွင် Kaizen Consultant ဖြစ်သူ ဒေါ်ငွေညွန့်ရှင်မှ ရောင်းအားပိုမို တိုးတက်စေရန်၊ ဘဏ္ဍာရေးနှင့် ငွေကြေးစီးဆင်းမှုကို တိုးတက် စေရန်၊ လုပ်သားအင်အားကို ထိထိရောက်ရောက် စီမံခန့်ခွဲ နိုင်ရန်နှင့် ကုန်ကြမ်းတင်သွင်းသည့် အဆင့်မှ ဝယ်ယူသူထံ ရောက်ရှိသည့် အဆင့် အထိ Value Stream တစ်လျှောက် လုပ်ငန်းစဉ် ရေးဆွဲခြင်းတို့အား မျှဝေပေးခဲ့ပြီး Seminar သို့ တက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဖြေကြား ခြင်း အစီအစဉ်များ ပါဝင်ခဲ့သည်။

“COVID-19 Business Continuity Planning for SME Factories” သည် Score (ILO) မှ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများအတွက် အထူး ရေးဆွဲထားသော သင်တန်းဖြစ်ပြီး အဆိုပါသင်တန်းအား Myanmar Productivity Center (MPC) ဌာနမှ မကြာခင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါ က MPC ဌာနဖုန်း 09-972990470 နှင့် mpc.umfcci@gmail.com သို့ ဆက်သွယ်၍ အသေးစိတ် မေးမြန်းနိုင်ကြောင်း သတင်း ရရှိသည်။

လမ်းမတော် (ပြန်/ဆက်)