အရာ​တော်မြို့နယ် ပြည်သူ့​ဆေးရုံကြီးသို့ ပက်စ်မြန်မာအဖွဲ့မှ ​အောက်ဆီဂျင်စက် ​ပေးအပ်လှူဒါန်း

အရာ​တော်   ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာခရိုင် အရာ​တော်မြို့နယ် ပြည်သူ့​ဆေးရုံကြီးတွင် အသုံးပြုနိုင် ရန် အောက်ဆီဂျင်စက်​ ပေးအပ်လှူဒါန်းခြင်းကို ယမန်​နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ် ပြည်သူ့​​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့​သည်။

ယင်းသို့ ပေးအပ်လှူဒါန်းရာတွင် အရာ​တော်မြို့ ပြည်သူ့​ဆေးရုံတွင် တက်​ရောက်ကုသသည့် အတွင်း လူနာများအတွက် အသုံးပြုနိုင်ရန် တန်ဖိုး​ငွေကျပ် ၅​ သိန်း ၃​သောင်းတန်ဖိုးရှိအောက်ဆီဂျင်စက်တစ်လုံးကို ပက်စ်မြန်မာအဖွဲ့မှတာဝန်ရှိသူများက လှုဒါန်းပေးအပ်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသိုက်ထွန်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာ​​ရေး ဦးစီးဌာနမှူး ဒေါက်တာတင်မိုးဝေတို့က လက်ခံရယူခဲ့​ကြောင်း သိရသည်။

နွယ်နီမြင့်