နာဂဒေသ၊ နန်းယွန်းမြို့တွင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်၌ ခရီးသွားလာနေသူများကို နေ့စဉ် ကျန်းမာရေးစစ်ဆေး

နန်းယွန်း ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်ကောက်ယူခြင်းနှင့် ကျန်း မာရေး စစ်ဆေးခြင်းများကို နေ့စဉ် နံနက် ၇ နာရီမှ ည ဂ နာရီအထိ နားရက်မရှိ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်တို့ ကြီးကြပ်၍ ဌာနဆိုင် ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ ပူးပေါင်းပြီး နေ့စဉ် ရှင်ဗွေယန်၊ ပန်ဆောင်သွားလမ်း မြို့အဝင် ကျန်းမာရေးစစ်ဆေးဂိတ်မှ ဖြတ်သန်းသွားလာနေသည့် ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ မော်တော် ဆိုင်ကယ် များနှင့်အတူ လိုက်ပါလာသော ခရီးသည်များနှင့် ဝင်ထွက်သွားလာနေသော ပြည်သူ တစ်ဦးချင်းစီကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် အကြောင်း အရာများရေး မှတ်ခြင်း၊ သက်ဆိုင်ရာမြို့/ကျေးရွာထောက်ခံချက်ပါ/ မပါစစ်ဆေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ သွားလာရေးအတွက် နေ့စဉ် အရှိန်အဟုန်မြှင့် ကြပ်မတ် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဟန်ကမ်း(ပြန် /ဆက်)