မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

မင်းဘူး ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာမှ ကမ်းပြို ဘေးသင့် အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦဂစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ဧရာဝတီမြစ်ရေ တိုက်စားပြီး မြစ်ကမ်း ပါးပြိုကြမှုကြောင့် နေအိမ် (၁၁) လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရကြောင်း မင်းဘူး ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက ပြောသည်။

အဆိုပါ ကမ်းပြိုဘေးသင့် နေအိမ် (၁၁)လုံးမှ အိမ်ထောင်စု (၁၁)စု အတွက် အိမ်ဆောက် ပစ္စည်း တန်ဖိုးငွေကျပ် (၁၁၀၀၀၀၀) နှင့် လူဦးရေ (၄၇) ဦးတို့အတွက် ဆန်ရိက္ခာ ()ရက်စာ တန်ဖိုး ငွေကျပ် (၉၈၇၀၀)၊ စုစုပေါင်း ထောက်ပံ့ပေးအပ်ငွေ (၁၁၉၈၇၀၀) ကျပ်တိတိကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)