ပိုင်ကျုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်သူများအတွက် ကောက်ရိုးမှိုစိုက်ပျိုးခြင်း အဆင့်ဆင့်လက်တွေ့ သရုပ်ပြ

ပိုင်ကျုံ ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာနေပြည်သူများ မိမိခြံဝင်းအတွင်း စိုက်ပျိုး၍ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အတွက် ကောက်ရိုးမှို စိုက်ပျိုးခြင်း အဆင့်ဆင့် လက်တွေ့ သရုပ်ပြခြင်းကို ယမန်နေ့က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်တွေ့သရုပ်ပြသခြင်းကို စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦး‌အောင်မွန်နှင့်တာဝန်ရှိသူတို့က ကောက်ရိုးမှို စိုက်ပျိုးရာတွင် မြေကြီးဖွပေးခြင်း၊ ကြမ်းစက္ကူကို အသုံးပြုခြင်း၊ မှိုမျိုးနှင့်ဖွဲနုကို အချိုးကျ ရောစပ်ခြင်း၊ အစိုးဓါတ်ရရှိစေရန် ရေလောင်းခြင်း၊ မြေဩဇာကြွေးခြင်း၊ ပိုးမွှားအန္တရာယ် ကာကွယ်ခြင်း၊ ကောက်ရိုး ကို အသုံးပြုခြင်း စသည့် စိုက်ပျိုးနည်းအဆင့်ဆင့်ကို ကောက်ရိုးမှို စိုက်ပျိုးရန် စိတ်ဝင်စားသော တောင်သူများအား လက်တွေ့ပြသ ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)