ကျေးရွာမီးလင်းရေး စီမံကိန်းလုပ်ငန်းခွဲအတွက် ဝယ်ယူရေးအကဲဖြတ်အစည်းအဝေးကျင်းပ

ကော့ကရိတ် ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ရေပူကြီးကျေးရွာ အုပ်စု လေးတိုင်ကျေးရွာ၌ ယမန်​နေ့မွန်းလွဲ ၁:၀၀ နာရီ အချိန်တွင် ကျေးရွာမီးလင်းရေး လုပ်ငန်း များအား တာဝန်ယူဆောင်ရွက်မည့် ကန်ထ ရိုက်တာ ရွေးချယ်ခြင်းအတွက် ဝယ်ယူရေးနည်းလမ်း အကဲဖြတ် အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

ထိုအစည်းအဝေးတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း အဖွဲ့ခေါင်းဆောင် ဦးစောဟိန်းမင်းနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောသန်းစိုးတို့မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပြည်နယ်အင်ဂျင် နီယာအကြံပေး ဒေါ်သန္တာသက်မှ စီမံကိန်းအကောင်အထည်ဖော်မည့် လုပ်ငန်း သဘောတရားများအား ရှင်းလင်းတင်ပြပြီးနောက် ကျေးရွာကော်မတီဝင်များသည် ကန်ထရိုက်တာများ၏ အဆိုတင်သွင်း လာသော စာအိတ်များအား အများပြည်သူရှေ့တွင် ဖွင့်ဖောက်ကြေညာခြင်း၊ ကျေးရွာကော်မတီ ဝင်များနှင့် စီမံကိန်းတာဝန်ရှိသူများမှ ဝယ်ယူရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ နည်းပညာများ စိစစ်ခြင်း၊ အမှတ်ပေးခြင်းဖြင့် ဈေးနှုန်းများဖော်ပြနှိုင်းယှဥ်လျက် ကျေးရွာကော်မတီဝင်များမှ ထိုအချက်များ ပေါ်အခြေခံ၍ လုပ်ငန်းရှင်များအား ရွေးချယ်ခြင်း အစီအစဥ်များ ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

ထိုကဲ့သို့ စီမံကိန်းလုပ်ငန်းဆောင်ရွက်ချက်များနှင့်အညီ ဇကာတင်ရွေးချယ်ပြီးစီးပါက ရွေးချယ်ခြင်း ခံရသော ကန်ထရိုက်တာနှင့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ရေပူကြီးကျေးရွာ အုပ်စုအတွင်းရှိ လေးတိုင် ကျေးရွာနှင့် ကော့ဝါလဲ အုပ်စု အတွင်းရှိ အေးချမ်းသာယာ၊ ပိတောက်ကုန်း၊ နောင်တမံကျေးရွာများတွင် လျှပ်စစ် မီးကြိုးတပ်ဆင်ခြင်း လုပ်ငန်များ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်မျိုးဝင်း