ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် Box Culvert (၂)ခု တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၉.၂၇၀) သန်း ဖြင့် မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသား လမ်းပေါ်တွင် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၂၆)လက်မရှိ Box Culvert (၂)ခုကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက် သည့် Box Culvert (၂)ခုဆောက်လုပ်ပြီးစီးပါက ရှမ်းရွာသစ်မြို့အတွင်းရှိ ကျေးရွာများမှ ဒေသတစ်ခုမှ တစ်ခုသို့ ပိုမိုလွယ်ကူစွာ ကူးလူး သွားလာနိုင်ပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်း ကြောင့် မဲသမူးကျေးရွာနှင့်မဲသမူးခီးကျေးရွာရှိ  ဒေသနေပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများတွင် ယခင်ကထက်ပိုမိုဖွံ့ဖြိုး တိုးတက် လာမည်ဖြစ်ပြီး ရာသီမရွေးသွားလာနိုင်မည်ဖြစ် ကြောင်းသိရှိသည်။

ဇင်လေး