ကျိုက်ထို ဒီဇင်ဘာ ၂၉
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်သူ့ဈေးတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ မီးဘေး အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းသို့ စစ်ဆေးရာတွင် မီးဘေးကာကွယ်ရေးအတွက် အဆင့်မြင့်ပြင်ဆင်ထားရှိမှု အခြေအနေ ၊ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ ရေရရှိရေးအခြေအနေ ၊ ဈေးဆိုင်ခန်းများအလိုက် ကုန်ပစ္စည်းများ သိုလှောင်ရောင်းချမှု အခြေအနေနှင့် ဈေးအတွင်း လောင်စာ အမှိုက်သရိုက်များ မရှိစေရေးတို့ကို လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွေးနှင့် တပ်ဖွဲ့၀င်များ သိမ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူး ဦးတေဇာကြည်၊ သိမ်ဇရပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်သီတာဦးနှင့် ဈေးတာဝန်ခံ၀န်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးများနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ အလားတူ ကျိုက်ထိုမြို့နယ် ပြည်သူ့ဈေးတွင်လည်း ဒီဇင်ဘာ တတိယပတ်က လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)