သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး တစ်အိမ်တက် ဆင်း လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

သုံးခွ ဒီဇင်ဘာ ၂၉

မီးဘေးအန္တရာယ်ကင်းရှင်း‌စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်  ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ပန်နန်းခလဲကျေးရွာ‌ ရှိနေအိမ်များတွင် မီးဘေး အန္တရာယ် ကင်းဝေးစေရေး လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးဌာန ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကင်းရှင်း‌စေရေး အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကျဉ်ရမည့် အချက်များနှင့် နေအိမ်များတွင် ရေပုံး၊သဲပုံး မီးချိတ်၊ မီးကပ် များ ထားရှိစေ ရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်ကျရောက်ပါက မီးသတ်ဆေးဘူးသုံးစွဲပုံ၊ သုံးစွဲနည်း များ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက  ကျေးရွာနေပြည်သူ အရန်မီးသတ် အပေါ့စားစက် မီးသတ်ပိုက်ဖြင့် လက်တွေ့ မီးငြှိမ်းသတ်သရုပ်ပြ ဆောင်ရွက် ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်