ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သီခြားစောင့်ကြည့်နေရာများတွင် နေထိုင်သူ(၇၁)ဦး ၏ နှာခေါင်း/ အာခေါင်တို့ပတ်များ နမူနာယူစစ်ဆေးခြင်းဆောင်ရွက်

ဇီးကုန်း ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်ရှိ Facility Quarantine များတွင် သီးခြားခွဲထားသော ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာ ရယူ စစ်ဆေးခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် အထက(ဇီးကုန်း) Facility Quarantine Center မှ (၂၃)ဦး၊ မြို့နယ်အားကစားခန်းမ Facility Quarantine Center မှ (၅)ဦး၊ ရွှေအရိပ် Home  Quarantine မှ(၄)ဦးနှင့် အခြား Facility Quarantine များတွင် နေထိုင်သူအပါအဝင် စုစုပေါင်း(၇၁)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာများကို သွားရောက်ယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲစစ်ဆေးနိုင်ရန် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာယူစစ်ဆေးရာတွင် နိုင်ငံခြားမှ ပြန်လည်ဝင်ရောက် လာသူ(၅)ဦး၊ ပြည်တွင်းအခြားဒေသများမှ ပြန်လည်ဝင်ရောက်လာသူ (၆၆)ဦးတို့ဖြစ်ကြောင်း နှင့် ဇီးကုန်းမြို့နယ်တွင် ယနေ့အထိ ပိုးတွေ့လူနာ(၇၃)ဦးရှိခဲ့ပြီး၊ (၆၉)ဦးမှာ ရောဂါ သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း၊ လက်ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင်(၃)ဦး ဆေးကုသမှုခံယူ လျက်ရှိပြီး ကင်ဆာရောဂါ ဝေဒနာ ခံစားနေရသူ တစ်ဦးသေဆုံခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဌာန၏ ပြောကြားချက်အရ သိရှိရသည်။

တင့်ဆွေ(ပြန်/ဆက်)